Q: roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ (Sale Campaign - MQL)
A: ခုနကပြောသလိုပေါ့ ဒီ campaign ကလုံးဝ sale campaign ။ sale ဖြစ်မှပဲ ကိုယ့်ရဲ့ campaign အောင်မြင်ခြင်းမအောင်မြင်ခြင်း သိမယ်ဆိုရင် ကျွန်တော်တို့ကတော့ ဘာနဲ့တိုင်းလဲဆိုရင် marketing qualified lead လို့ခေါ်တယ်။ အမှန်တကယ်က sale process တစ်ခုမှာက MQL, SQL ဆိုပြီးနှစ်ခုရှိတယ်။ marketing qualified lead နဲ့ sale qualified lead ပေါ့နော်။ qualified lead ကိုဘယ်လိုတိုင်းလဲဆိုတော့ hi လို့ပြောပြီးတော့ ပျောက်သွားတဲ့ဟာတွေကို ကျွန်တော်တို့က lead လို့မသတ်မှတ်ဘူး။ hi လို့ပြောပြီးတော့ စာမပြန်တဲ့လူမျိုးကို qualified lead လို့မသတ်မှတ်ဘူး။ hi လို့ပြန်ဖြေပြီးတော့မှ ကိုယ်ကနေစာပြန်တဲ့အချိန်မှာ သူကလည်းစကားဆက်ပြောတယ်ပေါ့နော်။ product နဲ့ဆိုင်တဲ့ မေးခွန်းမေးတာပဲဖြစ်ဖြစ်၊ product purchase interest ဆိုတဲ့ product ဝယ်ဖို့စိတ်ဝင်စားတဲ့ ပုံစံမျိုးတွေဆိုရင် MQL အနေနဲ့သတ်မှတ်လိုက်တယ်။ အဲ့တာအပြင် လက်ရှိအချိန်ထိက Facebook နဲ့ပဲသွားနေတယ်ဆိုရင်တော့ manually data ကောက်ရပါတယ်။ comment ဖြေတဲ့သူက ဒီနေ့ကတော့ MQL ဘယ်နှစ်ယောက်ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ နာမည်တွေဆွဲထုတ်ပြီးတော့မှ excel တစ်ခုထဲကို အကုန်လုံးဖြည့်ရတယ်။ ဒါက တစ်ပိုင်း
#marketing #digitalmarketing #market #career #askalex #askalexmm