Listen

Description

Q: Business တစ်ခုကို Rebranding လုပ်တော့မယ်ဆိုရင် သိထားရမယ့်အချက်လေးတွေ သိချင်လို့ပါ အစ်ကို။

A: Rebranding လုပ်တော့မယ်ဆိုရင် ဘာကြောင့် Rebranding လုပ်ရမယ်ဆိုတဲ့အပေါ်အများကြီးမူတည်တာပေါ့။ Business ကအရမ်းကြီး ဟောင်းသွားလို့လား? ဥပမာ - ဦးချိန်တီအစားကြေဆေးကို အမှုန့်နဲ့မဟုတ်ဘဲ capsule နဲ့ထုတ်ချင်လို့ rebranding လုပ်မှာလား။ ဒါမှမဟုတ် reputation မကောင်းတော့လို့ rebranding လုပ်ချင်တာလား။ ဥပမာ - Tik Tok ဆိုရင်လည်း China ကမလို့ boycott လုပ်ကျတဲ့သူတွေရှိတယ်။ အဲ့တော့ Tik Tok သည်မြန်မာနိုင်ငံမှာ rebranding လုပ်ချင်တယ်ဆိုလည်းရတယ်။ အဓိကကတော့ ဘာကြောင့် rebranding လုပ်ချင်တာလဲဆိုတဲ့ ရည်ရွယ်ချက်လို့အပ်တယ်။ Rebranding လုပ်ရတဲ့ရည်ရွယ်ချက်ကို အသေးစိတ်ပြောပြရရင် အများကြီးမလို့မပြောတော့ဘူး။ Rebranding လုပ်မယ်ဆိုရင်တော့ ဖြစ်လာတဲ့ Brand အသစ်အတွက် mission တွေ၊ vision တွေ၊ positionတွေကိုတော့ သိထားရမယ်။ ဥပမာအနေနဲ့ Alex Khine ဆိုတဲ့ ကျွန်တော့် Brand အဟောင်းက Marketing ကို Position ယူထားတာ ဒါပေမဲ့ ကျွန်တော်က Alex Khine ကို Marketing တစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့ entrepreneurship အတွက် Rebranding ပြန်လုပ်မယ်ဆိုရင် ကျွန်တော့် Brand က Marketing အတွက်တင်မဟုတ်ဘဲနဲ့ entrepreneurship အတွက်ပါဖြစ်သွားတော့ entrepreneurship နဲ့ပတ်သတ်တဲ့ financial problem, logistic problem, warehousing problem စတဲ့ entrepreneurship နဲ့ပတ်သတ်တဲ့ position တွေကိုခိုင်ခိုင်မာမာသိထားဖို့လိုအပ်တယ်။ ကျန်တာတွေကတော့ marketing လုပ်တဲ့ဟာတွေပါပဲ rebranding လုပ်လိုက်တဲ့အခါ marketing ပြောင်းသွားမှာလား ပြောင်းသွားမယ်ဆိုလည်း သတ်ဆိုင်တဲ့ market ရဲ့ customer insights တွေလိုအပ်တယ်။ နောက်ထပ်တစ်ခုက brand association လိုအပ်မယ်ပေါ့။ Brand Association ဆိုတာက ကျွန်တော်တိုရဲ့ logo ကကောဘာနဲ့သွားပြီး associate ဖြစ်နေမှာလဲဆိုတာမျိုးပေါ့။ ဥပမာ - ကျွန်တော့် Agency Level Up ဆိုရင်လည်း futuristic နဲ့ assciate ဖြစ်ချင်တဲ့အတွက် Level Up ရဲ့ Content တွေအကုန်လုံးက အရောင်ပြေးလေးတွေကို ပိုသုံးတယ်။ ကျွန်တော့်ရဲ့နောက်ထပ် Agency Level One ဆိုရင်လည်း SME တွေအတွက်ရည်ရွယ်ထားတာဖြစ်လို့ ပျိူးပင်တွေကို ပျိုးထောင်နေသလိုမျိုးခံစားရစေချင်တာဖြစ်တဲ့အတွက် မြေကြီး အရောင်၊ ပျိုးပင်အရောင်တွေကို အဓိကသုံးတယ်။ အဲ့တော့ Rebranding မှမဟုတ်ပါဘူး Brand အသစ်တစ်ခုလုပ်တော့မယ်ဆိုရင် Brand ကိုမြင်လိုက်တာနဲ့ ဒါပါလားဆိုတဲ့ဟာမျိုးသိသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ idea ရှိဖို့လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင် Marketing Plan ပြန်ဆွဲရမှာပေါ့။ အဓိကကတော့ ဘာ့ကြောင့် Rebranding လုပ်ရလဲဆိုတာကို သိတယ်ဆိုရင် Marketing Plan ဘယ်လိုပြန်ဆွဲရမလဲဆိုတာကို ပြန်စဉ်းစားလို့ရပါပြီ။