Listen

Description

Q: product စုံတဲ့ page တွေမှာ brand တစ်ခုအောက်ကဆိုပေမဲ့ target မတူ ads တွေမတူလို့ engage ဖြစ်ပုံ လည်းမတူပါဘူး။ အခုလို target လမ်းကြောင်းအစုံ run နေတဲ့ page တစ်ခုက organic reach ကိုဘယ်ပုံစံ နဲ့ effect ဖြစ်နိုင်ပါသလဲအစ်ကို။ organic reach တွေကျလာတာမျိုးကြုံလာနိုင်လား။ ဘယ်လိုဖြစ်သင့် တယ်လို့ထင်ပါသလဲ။ အစ်ကို Alex ရေဖြေကြားပေးပါဦး။ 

A:    စိတ်ဝင်စားတာမတူတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်တာလဲဆိုတော့ CMHL ကထွက်လာတာပါ။ city mart လောက်မတူတဲ့ product တွေဘယ်မှာမှမရှိဘူး။ အကုန်တင်ရောင်းတာ။ ပြောမယ်ဆိုရင် retail business ဗျာ။ တခြားဟာတွေလိုမျိုး ဥပမာ Uniliever လိုမျိုး  retail business လို့ပြောရမှာပဲ။ လက်လီ business တွေရဲ့ page တွေကပေါင်းစုံတင်တာ။ ဒါပေမဲ့သိရမှာက ပေါင်းစုံတင်တယ်ဆိုတဲ့နေရာမှာ target audience ကဘယ်သူလဲပေါ့လေ။ ပထမဆုံး ဘယ်သူကို စျေးရောင်းမှာလဲဆိုတာတော့ 100% သိသင့်တယ်လို့ ယူဆတယ်။ ဘယ် level up မှာဖြစ်ဖြစ် level one မှာပဲဖြစ်ဖြစ် ဘာကိုပဲလုပ်လုပ် ကျွန်တော်ရဲ့ နံပါတ်(၁) သည် customer ဘယ်သူလဲဆိုတာကို စမေးတာ။ ကျွန်တော့်ကို ဘာ product ရောင်းတယ်ဆိုတာနောက်မှပြော။ customer ဘယ်သူ့ကို target ထားချင်တာ လဲဆိုတာ စမေးလေ့ရှိတယ်။ customer ကို 100% နားလည်နေပြီဆိုရင် ဘာလုပ်လို့ရလဲဆိုတော့ ဥပမာ- အခု city mart လုပ်နေတဲ့ပုံစံတွေပေါ့လေ။ ခုနကပြောသလို city mart လောက်ပစ္စည်းစုံတဲ့ဟာ ဘယ်Brandမှာမှမရှိဘူး။ SKU ပေါင်း သိန်းနဲ့ချီရှိတယ်။ City Mart ဆို အကုန်လုံးလည်း သတိထားမိမှာပါ။ ကျွန်တော်တို့သွားနေတဲ့  အိမ်ရှင်မတွေဘက်ကို ဦးစားပေးသွားတယ်။ အဲ့မှာ အကုန်လုံးရှိတယ်။ ဟင်း ချက်စရာတွေ၊ အသားတွေ၊ ဟင်းသီးဟင်ရွက်တွေ ခေါက်ဆွဲတွေ ပီးရင် စာရေးကိရိယာတွေ၊ ပီးရင် ဘာတွေရှိသေးလဲ.. အီလက်ထရောနစ်ပစ္စည်းတွေရှိတယ်။ Ocean ဆိုရင်ပိုတောင်စုံသေး။ တီဗွီ၊ ရေခဲသေတ္တာ၊ မီးခံသေတ္တာ၊ ဘီရိုတွေကအစရှိတယ်။ အကုန်ရှိတယ်။ Brand ခနထား။ ကျွန်တော်တို့က ကိုယ့်ရဲ့ target audience ကို အရင်ဆုံးသတ်မှတ်လိုက်ရတယ်။ ငါတို့ အိမ်ရှင်မတွေကို target ထားမယ်။ အိမ်ထောင်ဦးစီးတွေကို target ထားမယ်။ အဲ့တာတွေအရင်ဆုံး သတ်မှတ်လိုက်ပြီးတော့မှ ကျွန်တော့်တို့ရဲ့ communication တွေအကုန် လုံးသည် အဲ့လူတွေအတွက်ကိုသွားတယ်။ ကျန်တဲ့ဟာက ဖြည့်တဲ့ပုံစံမျိုးနဲ့ပဲသွားတာ။ အရင်ဆုံး define လုပ်လိုက်တာ။ Target ဘယ်သူ့ဆီသွားမှာလဲ။ Define လုပ်လိုက်ပြီဆိုရင် ကျွန်တော်တို့ရဲ့ product spectral တွေ ရှိလိမ့်မယ်။ ဆေးတွေရှိမယ်။ အလှကုန် တွေရှိမယ်။ ဘာတွေရှိမယ်ညာတွေရှိမယ်။ အဲ့ဒီဟာတွေတစ်ခုလုံးကို brand တစ်ခုတည်းမှာရောင်းကြည့် ကြရအောင်။ ကျွန်တော်သာဆိုရင် life Style ကိုရောင်းမှာ။ ကျွန်တော် product ကိုမရောင်းတော့ဘူး။ တူတဲ့တခြား product လည်းရှိမှာပဲ။ နောက်ပိုင်းလူတွေဝယ်လာတာကလည်း product ကိုနောက်ဆုံး အချိန်မှစဉ်းစားတော့တာ။ နောက်ဆုံးဆိုင်မှာသွားပြီးကြည့်တော့မှပဲ product ကိုစဉ်းစားတော့တာ။ အဲ့လောက်ကြီးတွေးတဲ့ဟာမရှိဘူး။ အရင်ဆုံးက အဲ့ဒီ spectral ကြီးတစ်ခုလုံးက ဘယ်ဘက်ကိုသွားမှာလဲ။ ဘယ်လိုမျိုး big idea။ customer တွေစိတ်ဝင်စားတဲ့ဟာတွေနဲ့ ဒီဘက်က brand ဘက်ကလုပ်ပေးနိုင်တာတွေနဲ့ ကြားထဲက နေရာလေးတစ်ခုရှိတယ်။ အဲ့တာကိုရအောင်ရှာရမှာ။ အဲ့တာဆိုရင် ကျွန်တော်တို့ရဲ့ brand preposition တစ်ခုရသွားပြီ။ အိမ်ရှင်မတွေအတွက် target ထားမယ်။ အိမ်ရှင်မတွေက ဘာလုပ်ရတယ် ညာလုပ်ရတဲ့ဟာတွေ ရှိတယ်။ သူတို့အတွက်စျေးဝယ်တာအစုံအလင်ရနိုင်မယ်ဆိုတဲ့ communication နဲ့ city mart ကသွားတယ်။ အိမ်ရှင်မက အိမ်အတွက်ကိုဝယ်နေခြမ်းနေလုပ်နေရတာကိုး။ ဆိုတော့အိမ်ရှင်မကိုပဲတည်ပြီးတော့ communication လုပ်ရပါတယ်။ 

#marketing #digitalmarketing #market #career #askalex #askalexmm