Listen

Description

Q: Retargeting အကြောင်းလေးမျှဝေပေးစေလိုပါတယ်။ ဘယ်လို retargeting လုပ်ရင်အကောင်းဆုံး result ရရှိနိုင်မလဲ? Retargeting လုပ်ရင် ဈေးကြီးတတ်တာကကောပုံမှန်ပဲလားရှင့်။ ပြီးတော့ Campaign မှာ Custom Audience ရော Look Alike Audience ရောတပြိုက်နက်ထည့် Run တာကောင်းလားဆိုတာလေးသိချင်လို့ပါရှင့်။

A: Retargeting လုပ်မယ်ဆိုရင် ကျွန်တော်တို့ retarget ပုံမှန်ဆိုရင် အနည်းဆုံး လူအယောက် ၁၀၀၀ လိုတယ်။ Website ပဲဖြစ်ဖြစ်၊ video ပဲဖြစ်ဖြစ်၊ page ကို engage လုပ်သွားတဲ့သူတွေပဲဖြစ်ဖြစ်၊ customer list ပဲဖြစ်ဖြစ်ဘယ်လိုမျိုးကို မဆို ကျွန်တော်တို့ အယောက် ၁၀၀၀ လိုတယ်။ ပြီးတော့ retargeting လုပ်ချင်တဲ့သူတွေကို ကျွန်တော်က အမြဲဘာအကြံပေးလေ့ရှိလည်းဆိုတော့ သောင်းဂဏန်းအထိတောင်မဟုတ်ဘူး သိန်းဂဏန်းအထိ data ကိုယူခိုင်းတယ်။ ဥပမာ - video ဆိုရင်လည်း တစ်သိန်းလောက်ထား၊ အနည်းဆုံးသုံးသိန်းလောက်ဆိုရင်တော့ပိုကောင်းတာပေါ့။ ကျွန်တော်တို့က သိန်းဂဏန်းလောက်အထိကို video view ရအောင် run ချလိုက်တယ်။ အဲ့ကရတဲ့ data ကို custom audience ဆောင်တယ်၊ look alike ဆောက်တယ်။ ပြီးတော့မှ ကျွန်တော်တို့ view ၃ သိန်းရတဲ့ video ရဲ့ duration 50% နဲ့ အထက်ကြည့်သွားတဲ့သူတွေကို content တစ်ခုပြတယ်၊ 50% နဲ့အောက်ကြည့်သွားတဲ့သူတွေကိုတော့ content နောက်တစ်ခုပြတာပေါ့လေ။ Content နှစ်ခုကိုတော့ funnel ထဲမှာကြိုပြင်ထားဖို့လိုမှာပေါ့လေ။ အဲ့လိုလုပ်တာကလည်းပိုပြီးတော့ effective ဖြစ်တာပေါ့လေ။ Retargeting လုပ်တာဈေးကြီးလားဆိုတော့ ဈေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ content ကိုကြည့်သွားပြီးတဲ့အချိန်မှာ နောက်တစ်ခုကိုဆက်ပြီးပြတာဖြစ်တဲ့အတွက် ပိုပြီးတော့လည်း Targeted ဖြစ်သွားတာကြောင့်ပါ။ SME တွေအတွက် အကြံပေးချင်တာတော့ Video ရှိတယ်ဆိုရင်လည်း video ပေါ့ video မရှိဘူးဆိုရင်လည်း page engage people ပဲဖြစ်ဖြစ် message ပို့ဖူးတဲ့သူကိုပဲဖြစ်ဖြစ် custom audience ဆောက်ပြီးတော့ retarget လုပ်လို့ရပါတယ်။ ပြီးတော့ custom audience ကြီးပဲသီးသန့်မသွားပဲနဲ့ custom audience + look alike နှစ်ခုလုံးနဲ့သွားမယ်ဆိုရင် ပိုပြီးတော့အဆင်ပြေနိုင်ပါတယ်။ Retargeting လုပ်လို့ အဆင်ပြေမယ်ဆိုပြီးတော့လည်း business တိုင်းမှာပြောလို့မရဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့လည်း အခုရှိပြီးသား clients တွေကို retargeting လုပ်ဖို့လိုမလိုစမ်းကြည့်ရတာပေါ့။ အဲ့တော့ ကျွန်တော်တို့က အခြေအနေပေါ်ကိုလိုက်ပြီးတော့ retargeting လုပ်တဲ့ content လည်းရှိသလို interest base လုပ်တဲ့ interest တွေကိုပြသွားတဲ့ target လည်းရှိတာပေါ့။ ဆိုတော့ ကျွန်တော်တို့က assets နှစ်ခု၊ သုံးခုလောက်ကြိုခွဲထားလိုက်တယ်၊ ခွဲပြီးတော့မှ run ကြည့်ပြီးတော့ ဘယ် assets က ဘယ် content ကို cost per result ဘယ်လောက်နဲ့ရနေလဲဆိုတာကို ပြန်သုံးသပ်ပြီးတော့မှပဲနောက်ထပ်နောက်ထပ် boosting လုပ်မယ့် contents တွေ၊ budget တွေမှာပြန်ပြီးတော့ action ယူပါတယ်။ ဒီမှာ ကျွန်တော်တစ်ခုထပ်ပြီးသတိပေးချင်တာက retargeting လုပ်မှ effective ဖြစ်မယ်လို့မပြောချင်ပါဘူး။ ဒါပေမဲ့ retargeting သည် effective ဖြစ်တာများပါတယ်။ Retargeting ဆိုတဲ့အတိုင်းများလေလေကောင်းလေလေပါ။ Video ကြည့်သွားတဲ့သူ သိန်းဂဏန်းရှိတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။