Listen

Description

Q: roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ (Ko Alex Khine အမြင်)



A:  ကျွန်တော်အဲ့မှာမြင်တာက နှစ်ခုမြင်တာပေါ့နော်။ တစ်ခုကကျတော့ roas/purchase တိုင်းလို့မရဘူးဆိုတာကကျတော့ နံပါတ်တစ်ကအဲ့ဒီလုပ်တဲ့ campaign ရဲ့ objective ကစျေးဝယ်ဖို့လားပေါ့နော်။ ကျွန်တော်တို့ sale objective အထိကိုသွားချင်တာလား။ အဲ့တာဆိုရင်တော့ ကျွန်တော်ထင်တယ်။ အကုန်လုံးက boost လုပ်တဲ့ဟာမျိုးကကျတော့ get message နဲ့ပဲသွားကြတာများမယ်နဲ့တူတယ်။ အဲ့လိုမဟုတ်ဘူး ကိုယ့်ရဲ့ campaign ရဲ့ objective ကိုက brand awareness ပိုပြီးသွားချင်လို့၊ ပေါက်ချင်လို့ဆိုရင်တော့ ဒါသည်ကျွန်တော်တို့ရဲ့ objective က reach များရင်သော်လည်းကောင်း၊ engagement များရင်သော်လည်းကောင်း၊ video view များရင်သော်လည်းကောင်း ဖြစ်ရမှာ။ အဲ့တော့ ကိုသန့်ထက်အောင်ပြောသလိုပဲ။ အစတည်းကတော့ ကိုယ့်ရဲ့ client သော်လည်းကောင်း၊ manager သော်လည်းကောင်း၊ boss သော်လည်းကောင်းနဲ့ သိရမှာ‌ပေါ့လေ။ ဒီ campaign သည်ဘာဖြစ်ချင်တာလဲဆိုတဲ့ အဓိက objective တစ်ခုလိုတယ်။ အဲ့အချိန်မှာ ဘာပါထပ်ပြီးညှိရလဲဆိုတော့ reach ကများချင်သလောက်ရတယ်။ ကျွန်တော်တို့ရဲ့ target Ads Set  က ချဲ့ရင်ချဲ့သလောက်ကို cost per result ကကုန်ကျမှာဆိုတော့ ဒီ target ပေါ်မှာသွားမှာဆိုတဲ့ဟာမျိုးနဲ့ ဒီ objective ဆိုတဲ့ဟာမျိုးနဲ့ အရင်ဆုံးတော့ပြောပြဖို့လိုတယ်ပေါ့နော်။ ပြီးတော့မှပဲ KPI matrix ကိုဆက်လုပ်ပေါ့လေ။ reach ကိုပြမှာလား၊ engagement ကိုပြမှာလား၊ website ကိုဆွဲခေါ်တဲ့ learning page view ပေါ့နော်။ အဲ့တာတွေကိုသွားမှာလားဆိုတဲ့ ပုံစံမျိုးတော့ define လုပ်သင့်တယ်။ 

#marketing #digitalmarketing #market #career #askalex #askalexmm