Listen

Description

Q: ညီမကအခုလက်ရှိ sales consultant position နဲ့ ecommerce တစ်ခုမှာလုပ်နေပါတယ်။ တကယ်က sales consultant ဆိုပေမဲ့ data controlling အပိုင်းကို အဓိကလုပ်နေရတဲ့သူပါ။ အဲ့ဒါကြောင့်ဒီ comfort zone ကနေ တခြားညီမသွားချင်တဲ့ Marcoms ဘက် career တစ်ခုခုကိုပြောင်းလဲတဲ့အခါ ecommerce company တွေကိုပဲသွားရမလား။ ဘယ်လိုမျိုးကိုသွားရင်ကောင်းမလဲ မသိဘူးရှင့်။ တခြား ecommerce တစ်ခုရဲ့ Marcoms က content ဦးစားပေးတွေများလို့ပါ။ အဲ့ဒါကြောင့်တခြားတစ်ခုကိုပြောင်းဖို့အတွက် company တစ်ခုမှာ ဘယ်လောက်ကြာကြာလုပ်ပြီးတော့ နောက်ထပ်ဘာ skill တွေထပ်ဖြည့်ဖို့ လိုမလဲ ဆိုတာလေးကို ပြောပြပေးစေလိုပါတယ်။ 

A: အဲ့တော့ပြောချင်တာက marcoms ဘက်ကိုပြောင်းချင်တယ်။ ဘယ်သွားရမှာလဲ။ အ‌ရေးကြီးတာတော့ ကိုယ့်ရဲ့ internal မှာလည်း ပြောင်းလို့ရနိုင်မလားဆိုတာ ‌မေးကြည့်ပါလား။ ကိုယ်က company တစ်ခုရဲ့ culture နဲ့ fit in ဆိုရင်က department changes လုပ်လို့ရတယ်။ ညီမအနေနဲ့ကတော့ ကိုယ့်ရဲ့ department ကတော့လောလောဆယ် sale consultant department ဖြစ်နေတယ်။ အဲ့ဒီကနေ marketing department ကိုပြောင်းချင်တယ်ဆိုပြီး ကိုယ့်ရဲ့ HR ပဲဖြစ်ဖြစ် စာတင်ကြည့်လိုက်ပေါ့လေ။ သူတို့အနေနဲ့လည်း အဆင်ပြေတယ်ဆိုရင် ကိုယ့်အတွက်လည်း department တစ်ခုကနေတစ်ခုကို ပြောင်းတာဖြစ်တဲ့အတွက် အဲ့ဒီ company ရဲ့ ဘာဖြစ်နေတာလဲဆိုတာကို သိတာပေါ့နော်။ ပြောင်းခွင့် မပေးဘူးဆိုရင်တော့လဲ ရွေးချယ်ပေါ့။ marketing နဲ့ပတ်သက်တယ်ဆိုရင်တော့ ထပ်ပြီးအကြံပေးချင် တာက accountant ကိုပိုပြီးအကြံပေးချင်တယ်ပေါလေ။ ဘာလို့လဲဆိုတော့ accountant management သည် marketing လောကထဲကိုစစချင်းဝင်လာမဲ့သူတွေအတွက်က နည်းနည်းလေးအဆင်ပြေနိုင်မယ်လို့ မြင်တယ်။ ကိုယ့်ကိုကိုယ်ဘာကြိုက်တတ်မှန်း မသိသေးတဲ့အချိန်မှာ ပေါ့လေ။ ဆိုလိုချင်တာက creative ကြိုက်တတ်တဲ့လူတွေလား၊ KOL marketing ကြိုက်တဲ့လူလား၊ media buying ကြိုက်တဲ့လူလား မသိသေးတဲ့အချိန်မှာ accounting ကိုဝင်လာတာသည် အဆင်ပြေတယ်။ အကြံပေးချင်တာက marketing agency ကိုဝင်ချင်တယ်ဆိုရင်တော့ accounting ကိုဝင်ပေါ့လေ။ ecommerce မှတော့ မဟုတ်ပါဘူး။ ကျွန်တော်မြင်တာကတော့ တခြား company တွေလည်း data controlling အပိုင်းကို လုပ်နေရတဲ့လူဆိုရင် data knowledge background ရှိတာပေါ့နော်။ data background ရှိတဲ့သူကို marcoms အနေနဲ့ ခန့်ချင်ကြတဲ့သူတွေလည်း ရှိမှာပါ။ အကြံပေချင်တာက တခြားအလုပ်လျှောက်မယ် ဆိုရင်တော့ ကိုယ့်ရဲ့ data controlling ကိုဒါတွေတော့လုပ်ခဲ့တယ်။ ဒါပေမဲ့ ငါစိတ်ဝင်စားတာသည် content တွေဘာတွေညာတွေကို ပိုစိတ်ဝင်စားတယ်။ အဲ့လိုမျိုးလိုချင်ပါတယ်ဆိုပြီးသွားရင်တော့ ပိုပြီး အဆင်ပြေနိုင်ပါတယ်။ တခြားကိုပြောင်းဖို့အတွက် ဘယ်လောက်ကြာကြာလုပ်ပြီးတော့မှ နောက်ထပ်ဘာ skill တွေထပ်ဖြည့်ဖို့လိုသလဲဆိုတော့ ကိုယ်စိတ်ဝင်စားတဲ့နေရာကိုရောက်အောင်ဆိုရင်တော့ အရင် ဆုံးတော့ learning  စလုပ်ပေါ့လေ။ ဥပမာ- content writing ကိုစိတ်ဝင်စားတယ်ဆိုရင်လည်း အရင်ဆုံး content writing ကိုဘယ်လိုရေးရလဲသိအောင်လုပ်။ free learning လုပ်လို့ရတဲ့ site တွေအများကြီးပါ။ အဲ့ကနေမှ certificate တွေရလိမ့်မယ်။ ရပြီဆိုရင်တော့ တခြားနေရာကိုပြောင်းရတာ ပိုပြီးလွယ်တယ်။ ကျွန်တော်ကတော့ အရင်ဆုံးပြောင်းလိုက်တယ်။ ကိုယ့်ဟာကိုယ်ဒုက္ခပေးတာလည်း ပါတာပေါ့နော်။ ဒါကကိုယ့်ရဲ့စိတ်နဲ့ပဲဆိုင်တာပါ။ ဘယ်လောက်ကြာကြာလုပ်ရမလဲဆိုတာကတော့ ဘယ်လောက်အထိ fast up ဖြစ်နေပြီလဲပေါ့နော်။ အဲ့အပေါ်မှာမူတည်မယ်လို့တော့ ကျွန်တော်ကယူဆတယ်။ ဆိုတော့ နောက်ထပ်ခြောက်လလား၊ တစ်နှစ်လား၊ နှစ်နှစ်လားဆိုတာထက် ကိုယ်က next goal တစ်ခုရှိနေပြီဆိုရင် အဲ့ goal အတွက်ကို ဘာလုပ်ချင်လဲဆိုတာလေးကို ကိုယ့်ဟာကိုယ် map လုပ်လိုက်ပြီး‌တော့မှ learning တစ်ခုလုပ်ပေါ့လေ။ ပြီးတော့ content writing တွေ၊ content creation တွေ learn လုပ်နေပြီဆိုရင်လည်း Facebook page တစ်ခုထောင်လိုက်ပြီးတော့မှ အဲ့မှာအများကြီး learn လုပ်လို့ရတယ်။ practical training ပေါ့နော်၊ အဲ့မှာကြိုက်တာလေးရေးလိုက်ပြီးတော့မှ သွားလို့ရတာဆိုတော့ digital marketing ကကျွန်တော်မြင်တာက development လုပ်ဖို့အတွက်က အရမ်းလွယ်တယ်။

#marketing #digitalmarketing #market #career #askalex #askalexmm