Q: Singapore ကို content writer position နဲ့သွားချင်တယ်ဗျာ။ Education background က related field diploma holder ဆိုအဆင်ပြေပြီထင်ပါတယ်။ ဘာတွေပြင်ဆင်သွားသင့်လဲ။ အခု Magazine တွေ blog တွေ case study တွေဖတ်ပြီး outside of local ကိုလေ့လာနေတယ်ဗျ။ SEO copywriting ဆိုတာရော ဘာလဲအစ်ကို။
A: ဘာတွေပြင်ဆင်သွားသင့်လဲဆိုတော့ သူတို့ရဲ့ behavior ကိုနားလည်တဲ့အဆင့်အထိတော့ သွားသင့်တယ် မြင်တယ်။ Singapore’s line တွေရှိတယ်။ Singalish နဲ့ပြောကြတဲ့ဟာတွေရှိတယ်။ sold shop တို့ပြီးရင် တခြားသောဟာလေးတွေရှိတယ်။ ကျွန်တော်လည်း Singapore မှာမလုပ်ဘူးကျတော့ အတိအကျတော့ မသိဘူး။ senior တစ်ယောက်အနေနဲ့ အကြံပေးချင်တာကတော့ သူတို့ရဲ့ behavior ကိုသင်ပါ။ Singapore တွေသည် ဘယ်လိုမျိုးစကားပြောလေ့ရှိတာလဲ။ ဘယ်လိုမျိုး platform ကိုလိုက်ဖတ်လေ့ရှိတာလဲ။ သူတို့ရဲ့ buying journey တွေကဘယ်လိုမျိုးရှိတာလဲဆိုတဲ့ ပုံစံမျိုးလေးကိုတော့ အရင်ဆုံး learning လုပ်ပါ။ အဲ့တာဆိုရင်တော့ ပထမဆုံးအဆင်ပြေတယ်။ SEO copywriting ဆိုတာဘာလဲကျတော့ ကျွန်တော်သိသလောက်ပေါ့နော်။ သူတို့ရဲ့ keyword လေးတွေကို။ ဆိုလိုချင်တာက marketing အ ကြောင်းရေးတော့မယ်။ digital marketing အကြောင်းရေးတော့မယ်ဆိုလို့ရှိရင် လူတွေက digital marketing ဆိုပြီးတော့ ရှာလေ့ရှိတာလား။ မြန်မာပြည်မှာ Facebook marketing ဆိုပြီးရှာလေ့ရှိ တာလား။ Facebook marketing ဆိုပြီးရှာလေ့ရှိရင်တောင် Facebook ရဲ့အကြောင်းအရာတွေကို detail ဖြစ်နိုင်သလောက်ဖြစ်အောင်၊ ကိုယ့်ရဲ့ခေါင်းစဉ်နဲ့လိုက်အောင် Facebook လိုမှမဟုတ်ဘဲနဲ့၊ ဥပမာ-How to do Facebook marketing in Myanmar ဆိုတဲ့ long tail keywords ကိုလူတွေကရှာလေ့ရှိတယ်ဆိုရင် အဲ့ဒီရှာလေ့ရှိတဲ့ keyword တွေကို ကျွန်တော်တို့ရဲ့ SEO ကိုထဲကိုထည့်မြုပ်ပြီးတော့ ရေးတဲ့ပုံစံမျိုးကို SEO copywriting လို့ခေါ်ပါတယ်။ အဲ့ keyword တွေကဘယ်ကရလဲဆိုရင် SEM brush တို့ဘာတို့ကနေ သွားပြီးတော့ keyword တွေကိုစစ်ထုတ်ရတယ်။ ပြီးတော့မှဒီဘက်ကနေ keyword တွေပေါ်မှာမှ မူတည်ပြီးတော့ စာဘယ်လိုရေးရမလဲဆိုတာလေးကို ပြန်ပြီးတော့သုံးသပ်တာပါ။ သူတို့ဆီက behavior တွေကိုလေ့လာပါ။ သူတို့ရဲ့ Singalish တွေရဲ့ပုံစံမျိုးတွေကို သိတယ်ဆိုရင်တော့ ကိုယ့်အနေနဲ့သွားလုပ်ဖို့ ကတော့ ပိုပြီးတော့လွယ်မယ်လို့တော့မြင်တယ်။ နောက်တစ်ခုက ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာ Singalish တွေရှိရင် သွားပြီးတော့စကားပြောကြည့်ပါ။ မင်းတို့ marketing ဘယ်လိုလုပ်လေ့ရှိတာလဲ။ ငါသွားချင်လို့ဘာတွေလုပ်ရမှာလဲဆိုတဲ့ အကြံတောင်းတယ်ဆိုရင် Singapore native ကတော့ ကျွန်တော့် ထက်စာရင် အများကြီးပိုပြီးကူညီပေးနိုင်မယ်လို့တော့ ယုံကြည်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm