Q: slogan နဲ့ design မှာထည့်တဲ့ tag line အကြောင်းလေးပြောပြပါဦး အစ်ကို။
A: slogan နဲ့ tag line ဘာကွာလဲဆိုရင် Same Same but difference ပေါ့နော်
ကျွန်တော့်အမြင် slogan နဲ့ tag line နှစ်ခုကွာတဲ့ပုံစံမျိုးက slogan ကဘယ်ဘက်ကိုဦးစားပေးသွားလဲ ဆိုရင် benefit ကိုပြတဲ့ကြော်ငြာဘက်ကို ပိုပြီးသွားတယ်လို့မြင်တယ်။ tag line ကကျတော့ လူတွေကြား ထဲမှာ ခေါ်လို့ကောင်းအောင်ဆိုပြီးပေးနေကြတဲ့ ပုံစံမျိုးတွေတော့မြင်တယ်။ အမှန်တကယ် ပွင့်ပွင့်လင်း လင်းပြောမယ်ဆိုရင် နှစ်ခုကအတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့မြင်တာက slogan သည် sleazy နည်းနည်းလေးပိုဖြစ်မယ်။ brand benefit ဘာညာသရကာပေါ့နော်။ tag line ကကျတော့ public relationship (PR) ပုံစံမျိုး branding ပုံစံမျိုးသွားတာများတယ်လို့မြင်တယ်။ ပြီးတော့ design မှာထည့်တာ tag line အပြင်နောက်တစ်ခုက copy ။ copy နဲ့ tag line မှားမှာစိုးလို့။ copy က visual copy လို့ခေါ်တယ်။ post copy နဲ့ visual copy ဆိုပြီးနှစ်မျိုးရှိတယ်။ visual copy ကကျတော့ design တစ်ခုလုံးမှာ ဥပမာ- social media ထဲမှာ သီတင်းကျွတ်ပရိုမိုးရှင်းဆိုပြီးရေးလိုက်တယ်။ အဲ့ဒါက visual copy ။ tag line ကကျတော့ တန်လည်းတန် မှန်လည်းမှန် မြန်လည်းမြန်ဆိုတဲ့ဟာမျိုး။ ဥပမာ- service center တစ်ခုကနေ ကြော်ငြာမယ်။ တန်လည်း တန် မှန်လည်းမှန် မြန်လည်းမြန်ဆိုတဲ့ဟာက tag line ။ သီတင်းကျွတ်အထူးစျေးရောင်းပွဲတော်ဆိုတဲ့ ဟာက visual copy ။ အဲ့တော့ tag line နဲ့ slogan ကကျတော့ slogan ကနည်းနည်းလေး sleazy ဖြစ်တယ်။ ကြော်ငြာတဲ့ဘက်ကိုပိုသွားတယ်။ tag line ကကျတော့ ခေါ်လို့ကောင်းတဲ့ဘက်ကိုပိုသွား တယ်လို့ ကျွန်တော့်အနေနဲ့မြင်မိတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm