Q: Amateur Digital Marketer တစ်ယောက်အနေနဲ့ Social Media Marketing လုပ်တဲ့အခါ မဖြစ်မနေ သိထားရမယ့် သုံးသင့်တဲ့ Tools တွေကိုပြောပြပေးပါကို Alex.
A: အရင်ဆုံး tool တွေအကြောင်းမပြောခင် Marketing ကို learn လုပ်စေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ tool သုံးတဲ့ Marketer မဖြစ်စေချင်ပါဘူး၊ ကိုယ်လိုချင်တာလေးကို ခေါင်းထဲမှာရှိတယ် ဆိုရင် အဲ့လိုချင်တာကို ဘယ် tool ကနေပေးလဲဆိုတာ လိုက်ရှာလို့ရတယ်၊ ဥပမာ ကျွန်တော်တို့ toolတွေ အများကြီးရှိတယ်ဗျာ ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့သုံးနေတဲ့ tool ဆိုလို့ရှိရင် StreamYard ဆိုတဲ့ tool သုံးတယ်၊ တစ်လကို ဒေါ်လာ ၂၅ ပေးရတယ်၊ နောက်တစ်ခုက fan page karma ဆိုတဲ့ tool သုံးတယ် တစ်လကို ဒေါ်လာ ၃၀၀ ပေးရတယ်၊ linkedIn learning သုံးတယ် တစ်လ ဒေါ်လာ ၂၀၀ လောက်ပေး ရတယ်၊ campaign asia ကျွန်တော်တို့ဝယ်တယ် တစ်လ ဒေါ်လာ ၂၀၀ လောက်ပေးရတယ်၊ ဒါကကျွန်တော် တို့ team တစ်ခုလုံးအတွက်ကို ကျွန်တော်လုပ်ပေးနေတဲ့ဟာမျိုး ဒါပေမဲ့ ကျွန်တော်တို့ လိုချင်နေတဲ့ ဟာမျိုး တွေက ဒီ toolတွေမှာ ရှိတဲ့အချိန်မှာ ဒီ tool တွေကိုဝယ်ရတာ အဲ့လိုမျိုးမဟုတ်ဘဲနဲ့ comment အနေနဲ့က တခြားသော တစ်ခုခုလိုချင်တယ် ဆိုရင် တခြားသော ဥပမာ canva ဆိုလိုရှိရင်က တော်တော်များများ Digital Marketer လို့ဆိုတဲ့ content creator တွေသုံးနေကြတဲ့ tool တစ်ခုကို canva က canva လိုမျိုးဘဲ အခြားသော app တွေအများကြီးရှိပါတယ်၊ ဆိုတော့ ကိုယ်ဘာလိုလဲဆိုတဲ့ ဟာအပေါ် မူတည်ပြီး tool တွေအများကြီးရှိတယ်၊ ဒါပေမဲ့ တစ်ခုအကြံပေးချင်တာကတော့ Marketing foundation လေးကို သိစေချင်ပါတယ်၊ toolတွေကတော့ ကျွန်တော်စောစောက ပြောသလိုဘဲ ကျွန်တော်တို့သုံးနေတဲ့ toolတွေက အောက်မှာချရေးပြပါမယ်၊ ကျွန်တော်တို့ StreamYard ဆိုတဲ့ tool ရှိတယ် fan page karma ဆိုတဲ့ tool ရှိတယ် page တွေများတယ် ကျွန်တော်တို့သုံးနေတာ canva ရှိတယ်၊ campaign asia ရှိတယ်၊ linkedIn learning ရှိတယ်၊ ကျန်တဲ့ဟာတော့ ကျွန်တော်ခေါင်းထဲမှာ ရုတ်တရက်ကြီး မှတ်မိမနေဘူး ဒီဟာတော့ လက်ရှိအချိန်မှာ ကျွန်တော်သုံးနေတယ်ပေါ့။
#marketing #digitalmarketing #market #career #askalex #askalexmm