Listen

Description

Q: အကိုရေတစ်ခုလောက်မေးချင်လို့ ညီမက clothing ပိုင်းလုပ်တာပါ social media platform Fb, IG, LinkedIn စတာတွေမှာပါ ထိုးဖောက်ချင်လို့ အဲ့ platform တွေက ဘာကွာခြားမှုတွေရှိလဲ..?LinkedIn, IG မှာ page လိုမျိုးဖွင့်ရင် ဘယ်လိုလုပ်လို့ရလဲ Boost လုပ်တာရောပြပေးလို့ရနိုင်မလားအကို  website ပိုင်းဆိုရင်ရော အကို တစ်ချက်ပြောပြပေးပါလားအကို behavior strategy ပိုင်းတွေ ဆိုရင်ရော ဘာတွေကွာသွားမလဲအကို တစ်ချက်ပြပေးလို့ရရင် ပြပြီးပြောပြပေးစေချင် ပါတယ်..။

A: ကျွန်တော်ဘာပြရမှာလဲဟင်၊ ကျွန်တော်ပြောတော့ ပြောမယ်ပေါ့ ဒီဟာတွေပြဖို့အတွက်က ပထမဆုံး မေးခွန်း အဲ့ platform တွေက ဘာကွာခြားမှုရှိလဲဆိုတော့ လေ့လာမိသလောက် Facebook ဆိုရင်က conversation ဖြစ်ချင်တဲ့ ပုံစံမျိုးကို ပိုသွားတယ် သူငယ်ချင်းအချင်းချင်းစကားပြောတဲ့ဟာတွေ သူများ post တွေအောက်မှာ comment ပေးလို့ရတဲ့ဟာတွေ conversation ဘက်ကို ဉီးတည်ပြီးတော့သွားတယ် Instagram ကကျတော့ photo gallery ဘက်ကို ပိုပြီးတော့သွားတယ် ဓါတ်ပုံလှလှလေးတွေကို like လုပ်တယ် အဲ့ဒီဘက်ကိုပိုသွားတယ် ဒါပေမဲ့ fb ရဲ့ algorithms        ကကျတော့ ကိုယ်နဲ့အနီးတစ်ဝိုက်မှာရှိနေတဲ့ သူငယ်ချင်းတွေ ကိုယ် like လုပ်ထားတဲ့ page တွေ ကိုယ်နေတဲ့မြို့ နိုင်ငံရဲ့ ဆိုင်ရာဆိုင်ရာ ဆိုလိုချင်တာက relevant ကို ပိုပြီးတော့ အား‌ပေးတယ်၊ Instagramမှာကျတော့ အဲ့လိုမဟုတ်ဘူး သူရဲ့ discover ဆိုတဲ့နေရာက တစ်ကမ္ဘာလုံးရဲ့ဟာကို စိတ်ဝင်စားနိုင်တဲ့ content မျိုးတွေအကုန်လုံးကို ဦးစားပေးထားတာ follow မလုပ်ထားဘူးဆိုလို့ရှိရင် တစ်ကမ္ဘာလုံးရဲ့ content မျိုးကို မြင်ရနိုင်တယ် အဲ့လိုမျိုးလေး သွားတယ် LinkedIn ကကျတော့ သိပြီးသားဖြစ်မှာပါ Linkedinကျတော့ carrier development ဘက်ကို ပိုပြီးတော့သွားတယ် business ဘက်ကို ပိုပြီးတော့သွားတယ် Thought Leadership ဘက်ကို ပိုပြီးတော့သွားတယ်၊ သူသည်း professional လိုင်း Instagram က lifestyle လိုင်း Facebook ကကျတော့ community ဘက်ကိုပိုပြီးတော့သွားတဲ့လိုင်း  လိုင်း(၃)လိုင်းမတူဘူး  လိုင်းပူးရင် လိုင်းကြောင်ပါတယ် အဲ့တော့ LinkedIn နဲ့ Instagram မှာ page ဖွင့်တယ်ဆိုတာက ကျွန်တော်ဒီအောက်မှာဘဲ  How to တွေ link တွေချပေးပါ့မယ် မဟုတ်ရင်က How to ပြနေရမှာဆိုတော့ အချိန်သိပ်အဆင်မပြေတော့၊ ပြီးတော့ Boost လုပ်တာလည်း အတူတူပါဘဲ Instagram မှာ boost လုပ်တာသည် Facebook Add Manager ထဲကနေပြီးတော့ placement ထဲမှာ Instagram ကို‌ရွေးလို့ရတယ် အဲ့တာက သိပ်မခက်ဘူး Instagram မှာလည်း Boost လုပ်လို့ရတယ် အဲ့ဟာသည်လည်း သိပ်မခက်ပါဘူး YouTube ကနေရှာပြီးတော့ link ထည့်ပေးပါမယ်။

#marketing #digitalmarketing #market #career #askalex #askalexmm