Q: page မှာ surprise gift ရတဲ့ post လေးတွေတင်ပေးရင် ရတဲ့သူရဲ့ account ကို screenshot ရိုက်ပြီး post တင်ပေးတာက ကြာရင် page ကို ထိနိုင်လားမသိဘူး။
A: page ကိုထိနိုင်လားမသိဘူး ဆိုရင်တော့ no။ ဘာလို့လဲဆိုတော့ Facebook ရဲ့ policy ထဲမှာ ဘာမှမရှိဘူးပေါ့နော်။ ဒါပေမဲ့ ရတဲ့သူရဲ့ account ကို screenshot ရိုက်ပြီးတော့ဆိုတဲ့ အချိန်မှာလေ ဥပမာ- ရည်းစားရှိတဲ့ ကောင်မလေးတစ်ယောက်ကို ဘဲတစ်ဗွေက လက်ဆောင်ပေးတဲ့အချိန်မှာ အဲ့ကောင်မလေးရဲ့ post ကို screenshot ကြီးသွားတင်ပြီးတော့ ညီမလေးကို ကောင်လေးတစ်ယောက်က လက်ဆောင်ပေးတယ်ဆိုတဲ့ ဟာမျိုးတင်ရင်တော့ report ထုခံရဖို့ များပါတယ်။ အဲ့ဒီဟာတော့ သတိထားပေါ့လေ။ မဟုတ်ရင် ကိုယ်တွေက ကြားထဲက ဓါးစာခံဖြစ်ဦးမယ်။ အဲ့လိုမျိုး socially report ထုခံရတာကလွဲလို့ရှိရင် တခြားသော Facebook ရဲ့ policy ထဲ မှာတော့ ဘာမှမရှိဘူးပေါ့နော်။ ဒါပေမဲ့ အခုနောက်ပိုင်း ဒီရတဲ့သူရဲ့ account ကို screenshot တင်ပေးတဲ့ဟာက နည်းနည်းလေး လူတကာသုံးလာတာဆိုတော့ကြတော့ ပျင်းဖို့ကောင်းလာတယ်ပေါ့နော်။ ဟိုတစ်နေ့က ကျွန်တော်တစ်ခုတွေ့လိုက်ပါတယ်။ ၁၄ နှစ် ၁၅ နှစ် ကောင်မလေးတစ်ယောက်က သူ့ရဲ့မောင်လေးက လက်ဆောင်ပေးတဲ့ဟာကို အဲ့ဒီ owner က video လေး ရိုက်ပြီးတင်တာလားမသိဘူး။ ဘာပဲဖြစ်ဖြစ်ပျော်ဖို့ကောင်းတယ်။ အဲ့လိုမျိုးလေးဆိုရင်တော့ လူတွေ ကလည်း သဘောကျကြတယ်ပေါ့နော်။ အဲ့တာလည်း ကိုယ့်ရဲ့ branding တစ်ခုရနိုင်တာကိုး။ ကျွန်တော်ကတော့ လက်ဆောင်ပေးတဲ့အချိန်မှာ ကြုံလိုက်ရတဲ့ experience လေးကို တင်ပေးတာက ပိုပြီးတော့ အဆင်ပြေမယ်လို့တော့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီ surprise gift post တွေက အရမ်းများနေလို့။
#marketing #digitalmarketing #market #career #askalex #askalexmm