Q: Quality Customer တွေကို ဘယ်လိုဆွဲဆောင်ရမလဲသိပါရစေအကို ပြီးတော့ Quality Customer တွေကိုဘဲ Target ထားခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးရှိရင်လည်း ဆိုးကျိုးပြောပြပေးပါဦး be safe ပါအကို။
A: target ထားခြင်းရဲ့ ဆိုးကျိုးကရှိတယ်လို့တော့ မထင်ဘူးရယ်။ ကောင်းတဲ့ဟာတွေပဲရှိတာ။ ဘယ်လောက်ထိ target ကကျယ်လဲဆိုတဲ့ဟာပေါ်မှာတော့ မူတည်လိမ့်မယ်။ ရေဆိုလို့ရှိရင် မြို့ပေါ်မှာနေတဲ့သူက ၁၀ သန်းလောက်ရှိသွားနိုင်တယ်။ ဆိုတော့အဲ့လူတွေကို ကျွန်တော်တို့ target ထားလို့ရတယ်။ အဲ့ထဲမှာမှ psychographic အနေနဲ့ interest တွေဘာတွေနဲ့ ပြန်ပြီးကန့်လို့လည်း ရနိုင်သေးတာကိုး။ အဲ့ဒါတွေကို ပြန်စဉ်းစားပြီးတော့မှ marketing ကိုပြန်လုပ်ပါ။
#marketing #digitalmarketing #market #career #askalex #askalexmm