Listen

Description

Q:   page ကဘာ warning မှမပြဘဲ unpublished ဖြစ်သွားပါတယ်။ Meta Agent နဲ့ပြောကြည့်တော့ internal team ကိုသူတို့က appeal form တင်‌ပေးမယ်ပြောပါတယ်။ 24 to 48 hours အတွင်း အကြောင်းပြန်ပေး တတ်တယ်ဆိုပေမဲ့ follow up လုပ်ချင်လို့ ပုံမှန်ဆိုဘယ်နှစ်ရက်လောက်စောင့်ရလဲရှင့်။ အစ်ကို့ experience လေးရှိရင် ဘာတွေဆက်လုပ်လို့ရလဲသိချင်ပါတယ်‌။

A:    သူတို့နဲ့ပဲ တိုက်ရိုက်စကားပြောရမှာပါ။ ကျွန်တော့် experience ပါ။ ဘယ်လောက်စောင့်ရမလဲဆိုတော့ တစ်ပတ်လောက်စောင့်ရမှာပါ။ 24 to 48 အတွင်းဆိုရင် 48 hours ပြည့်ပြီးတာနဲ့ ထပ် chase ပါ။ နှစ်ရက် ပြည့်တာနဲ့ ထပ် chase ဆိုတဲ့ဟာမျိုးကိုသွားပါ။ ခဏခဏဂျီကျတော့မှပဲ account ပြန်ပေးတာဆိုတော့ အားမနာနဲ့ ဂျီသာကျ။ ဘာလို့လဲဆိုတော့ ဟိုဘက်ကလူတွေက ကျွန်တော်တို့မေးခွန်းတွေဖြေလို့ ပိုက်ဆံ ရနေတာဆိုတော့ ဂျီသာကျ။ ကျွန်တော်ဆိုရင် အသိအစ်ကိုတစ်ယောက်ရဲ့ page ကျတုန်းကဆို နှစ်ရက် တစ်ခါကိုသွားပြောတာ။ နှစ်လလောက်ကြာသွားတဲ့အချိန်မှာ နားပူသွားလားမသိဘူး။ ပြန်ပေးတယ်။ အဲ့တာတောင်မှ hack ခံရတာ။ ကျွန်တော့်အနေနဲ့ပြောချင်တာက ဘာ warning မှမပြဘဲ unpublished ဖြစ်သွားတယ်ဆိုတဲ့ဟာက content policy ထိတာဖြစ်ဖို့အရမ်းများတယ်။ ဆိုတော့ နှစ်ရက်တစ်ခါ လောက် chase ပါ။

#marketing #digitalmarketing #market #career #askalex #askalexmm