ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေနဲ့ စစ်ကောင်စီရဲ့ ဩဇာခံရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်သွားမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၂၅ ရက်က ကျောက်ဖြူမြို့မှာ ကျင်းပတဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
စစ်အာဏာရှင်နဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိတာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ပြိုင်မှာမဟုတ်သလို ပါတီမှတ်ပုံတင်မှာမဟုတ်ဘူးလို့ ဗဟိုကော်မတီဝင်တွေ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။