ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပမယ့် သင်္ကြန် EDM ပွဲတပွဲမှာ နိုင်ငံတကာက DJ artist တွေ ပါဝင်မယ်လို့ သိရပြီး အဲဒီ အနုပညာရှင်တွေကို မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိစေဖို့နဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားလည်ပတ်မှုအောက်မှာ မပါဝင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။