အမျိုးသားယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှုကို မထိခိုက်စေဖို့ နိုင်ငံတကာအဖွဲ့အစည်း NGO၊ INGO တွေအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပိုမိုကြပ်မတ်ဖို့နဲ့ အကူအညီပေးနေတဲ့ နိုင်ငံနဲ့ အဖွဲ့တွေက အသုံးချနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၃၀ ရက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။အဲဒီပြောဆိုချက်နဲ့ပတ်သက်လို့ NGO, INGO တွေက ပြန်လည် အပြစ်တင်ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ NGO တွေအနေနဲ့ လုပ်ကိုင်ရတာ ပိုမိုခက်ခဲလာပြီး အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ အခုလို ပြောဆိုပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။
https://burmese.dvb.no/post/612820