ကမ္ဘာ့နာမည်ကျော် အမှတ်တံဆိပ် အဝတ်အထည်ချုပ်လုပ်ငန်းတွေ မြန်မာပြည်က ထွက်ခွာပေမဲ့ အထည်ချုပ်အလုပ်သမားတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။
လတ်တလော နာမည်ကြီး အဝတ်အထည်လုပ်ငန်း Zara အမှတ်တံဆိပ် အပါအဝင် ဂျာမန် အားကစား အဝတ်အထည်ကုမ္ပဏီ Jako တို့ဟာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အထည်အော်ဒါပေးတာ ရပ်ဆိုင်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။