Listen

Description

Apple Underwear က မြန်မာဖိုက်တာလေး သန့်ဇင်ကို စပွန်ဆာစာချုပ်,ချုပ်ဆိုလိုက်ပါပြီ။

Apple Underwear ဟာ ဖိုက်တာလေး သန့်ဇင်နဲ့ စပွန်ဆာစာချုပ်,ချုပ်ဆိုတာကို ဗီဒီယိုဖိုင် လွှင့်တင်ထားသလို သန့်ဇင် ကြော်ငြာရိုက်ပေးထားတဲ့ဓာတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။

Underwear က ရေးသားပြီး သန့်ဇင်နဲ့ ရို၊က်ကူးထားတဲ့ ကြော်ငြာဓာတ်ပုံတွေကို လွှင့်တင်ဖော်ပြထားပါတယ်။

သန့်ဇင်ရဲ့ပရိသ၊တ်တွေကလည်း သန့်ဇင်အတွက် အခုလို အခွင့်အလမ်းတစ်ခု ထွက်ပေါ်လာတာကို ကျေနပ်အားရဖြစ်လို့နေပါတယ်။

အခုမတိုင်ခင်မှာ Fary Taxi ကလည်း သန့်ဇင် ကို စပွန်ဆာ စာချုပ်,ချုပ်ခဲ့ပါတယ်။ Fary Taxi စီးပွားရေးလုပ်ငန်းစုဟာ မြန်မာဖိုက်တာလေး သန့်ဇင် ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က စပွန်ဆာစာချုပ်,ချုပ်ဆိုလိုက်တာပါ။

စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နိုဗိုတယ်လ်ဟိုတယ်မှာ Fary Taxi စီးပွားရေးလုပ်ငန်းစုက ကျင်းပခဲ့တာဖြစ်ပါတယ်။