Listen

Description

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးပြီးသွားလို့ တစ်ပတ်ကြာမြင့်အပြီးမှာပဲ လိဂ်ပြိုင်ပွဲတချို့က တက်သုတ်ရိုက် ဝင်ရောက်လာပါတယ်။ မနေ့က ခရစ္စမတ်နေ့မှာ မိသားစုနဲ့ပျော်ရွှင်ခွင့်ရခဲ့တဲ့ ကစားသမားတွေဟာ ဒီနေ့မှာတော့ Boxing Day နေ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရတော့မှာပါ။ 

Boxing Day ဆိုတာက လက်ဝှေ့ထိုးတာကို ရည်ညွှန်းတာ မဟုတ်ရပါဘူး။ ခရစ္စမတ်နေ့မှာ လက်ဆောင်အဖြစ် ရရှိတဲ့ လက်ဆောင်သေတ္တာလေးတွေကို ဖွင့်ဖောက်ရင်ခုန်တဲ့နေ့အဖြစ် သတ်မှတ်ထားလို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကို ဘောက်ဆင်းဒေးလို့ ခေါ်ဝေါ်သမုတ်ကြတာပါ။ ဒီနေ့ညမှာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ပရီးမီးယားလိဂ်က ဘောက်ဆင်းဒေးနေ့ပွဲစဉ်တွေနဲ့အတူ ပြန်လာပါတော့မယ်။

ဘောက်ဆင်းဒေးနေ့မှာ နယ်မြေအနီးဆုံးအသင်းတွေကို ထိပ်တိုက်ပေးတွေ့ပြီး ခရီးဝေးဝေး မသွားရအောင် စီမံပေးထားတာကလည်း ပရီးမီးယားလိဂ်ရဲ့ထူးခြားချက်တစ်ခုပါပဲ။ 

ဘောက်ဆင်းဒေး ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပွဲစဉ် ၄ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်ကာလမှာ Dawei Watch ပရိသတ်တွေအတွက်လည်း ကောင်းမွန်ခြင်းအဖြာဖြာ သက်ရောက်ပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါတယ်။