Listen

Description

မြန်မာပြည်ဖွား ချင်းကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာလေး ဂျိုရွှာဗန် ကတော့ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးလိုက်ပါပြီ။

အဲ့ဒါကတော့ Sphere နဲ့ Madison Square Garden တို့မှာ ထိုးခွင့်ရတဲ့ ပထမဆုံး မြန်မာပြည်ဖွားဖိုက်တာဆိုတဲ့ မှတ်တမ်းပါပဲ။

လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကိုရောက်ရင် UFC 306 ပြိုင်ပွဲကြီးကို ကျင်းပတော့မှာပဲဖြစ်ပါတယ်။

ဂျိုရွှာဗန် ဟာ ဒီပြိုင်ပွဲကြီးကို Short Notice နဲ့ လူစားဝင်ထိုးရဖို့ ဖြစ်လာခဲ့တာပါ။ အစောပိုင်းက ဒီပြိုင်ပွဲမှာ ဂျိုရွှာဗန် မပါဝင်ခဲ့ပါဘူး။

ကယ်လ်ဗင် ဘော်ဂျတ်စ်နဲ့ အက်ဒ်ဂါ ချိုင်ရက်ဇ် တို့ ထိုးရမယ့်ပွဲမှာ ကယ်လ်ဗင် ဘော်ဂျက်စ်က နုတ်ထွက်သွားခဲ့ပြီးတဲ့နောက် ဒီနေရာမှာ ပွဲစီစဉ်သူတွေက ဂျိုရွှာဗန် ကို အစားဝင်ထိုးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒီကမ်းလှမ်းမှုကို ဂျိုရွှာဗန် ကလည်း ချက်ချင်းပဲ ခေါင်းညိတ်လက်ခံလိုက်တာကြောင့် Sphere ကွင်းသစ်ကြီးမှာ ထိုးဖို့အခွင့်အရေးကို ဂျိုရွှာဗန်က ရသွားခဲ့တာပါ။