တော်လှန်ရေး တိုက်ပွဲကာလဖြစ်တဲ့အားလျော်စွာ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်း တွေကပဲ ဖုံးလွှမ်းထားတာပါ။နွေဦးတော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာ သတင်းဖြစ်ရပ်တွေထဲ ထူးခြား ထင်ရှားတဲ့ လူမှုဘဝ၊စီးပွားရေး သတင်းတွေလည်း ရှိနေတတ်ပါတယ်။
ယမန်နေ့ မတ်လ (၃၀) ရက် တနေ့တာ သတင်းဖြစ်ရပ်တွေထဲက ထူးခြား၊ထင်ရှားတဲ့ သတင်းဖြစ်ရပ်တွေကို DNA ကစုစည်း ဖော်ပြပေးလိုက်ပါတယ်။
#ပါတီဖျက်သိမ်းမှုတွေဟာပြည်သူတွေရဲ့လွတ်လပ်ခွင့်ကိုခြိမ်းခြောက်မှုလို့ဝေဖန်
#ကချင်နဲ့ချင်းပြည်နယ်တွေမှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုလုပ်
#ပုသိမ်ခရိုင်မှာတောင်ဆင်ရိုင်းတွေတပတ်တကောင်နှုန်းအသတ်ခံနေရ
#စစ်ဗိုလ်ချုပ်တွေကိုကာကွယ်ရင်းအသေခံမှာလားလို့သတိပေးလိုက်တဲ့ မန်းဝင်းခိုင်သန်း
#စစ်ကိုင်းတိုင်းမှာကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့အရပ်သားတချို့အသတ်ခံရ
#ဂျပန် နာမည်ကျော်အဝတ်အထည်ကုမ္ပဏီမြန်မာနိုင်ငံကထွက်ခွာတော့မယ်
#သိမ်းစ်မြစ်ထဲက ပလတ်စတစ် အမှိုက်တွေကို သိမ်းဆည်းပေးနေတဲ့ ဒရုန်း စက်ရုပ်လေး
#ရုရှားနယ်စပ်နားထိ သွားရောက်ခဲ့တဲ့ ယူကရိန်း သမ္မတ ဇီလန်စကီး
#ဒူးယားအင်းနှင့်ကုလားသင်္ဘော၊ဧရာဝတီအယ်လ်ဘမ်အက်ဆေး