တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။ တော်လှန်ရေးထဲကလာတဲ့ စစ်ရေး၊ နိုင်ငံရေး သတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။
ဒီကနေ့မေလ (၂၂) ရက်မှာရရှိတဲ့ တနေ့တာသတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။
#ပြည်သူ့ဂုဏ်ရည်ဆုအတွက်ရတဲ့ဆုငွေကိုCDMတွေအတွက်ပြန်လှူခဲ့တဲ့သံအမတ်ကြီးဦးကျော်မိုးထွန်း
#ရန်ကုန်မှာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်သုံးဦးပစ်ခတ်ခံရ
#သီတင်းပတ်သုံးခုကျော်ကြာတဲ့အထိအစအနပျောက်နေတဲ့မွန်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ
#နွေဦးတော်လှန်ရေးနှစ်နှစ်တာကာလအတွင်း CNDF တပ်ဖွဲ့ဝင်(၃၂)ဦးကျဆုံးခဲ့
#စစ်ကောင်စီစွမ်းအင်ဝန်ကြီးကိုနိုင်ငံတကာကပိတ်ဆို့အရေးယူမှုတွေရှိပေမယ့်မိသားစုကတော့အကျိုးအမြတ် ဆက်ရနေတယ်လို့ JFM ပြော
#စစ်ကြောင်းထိုးမှုနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထန်းတပင်ဒေသခံနှစ်သောင်းခွဲကျော်စစ်ဘေးရှောင်နေရ
#စပိန် F-18 တိုက်လေယာဉ် လေတပ်စခန်းထဲ ပျက်ကျပြီး ပေါက်ကွဲမီးလောင်၊ လေယာဉ်မှူး လွတ်မြောက်
#Ferrari ကားအစစ်နဲ့ အရွယ်အစားတူအောင် Legoတုံးတွေနဲ့ တည်ဆောက်ထားတဲ့ ပုံတူကို ဒိန်းမတ်မှာ ပြသ
#နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး