Listen

Description

တရားမျှတမှု ရှာဖွေဖို့ ဘာတွေလိုအပ်ပါသလဲ။ မြန်မာနိုင်ငံမှာရှိတဲ့ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့သူတွေအတွက် အခက်အခဲနဲ့အတားအဆီးတွေကြောင့် သူတို့ဘဝတွေဟာ ပိုပြီး ရုန်းကန်နေရပါတယ်။ ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်နေပါစေ နိုင်ငံတဝှမ်းမှာရှိတဲ့ အမျိုးသား၊အမျိုးသမီးတွေကတော့ တရားမျှတမှုအတွက် ရပ်တည်ပြီး မOK ဘူး။ (It’s not OK) ဆိုပြီး ထုတ်ဖော်ပြောဆိုနေကြပါတယ်။ မ OK ဘူး။(It’s Not OK) ဆိုတဲ့ တေးသံလွှင့်အစီအစဉ်(Podcast) က မြန်မာနိုင်ငံမှာရှိတဲ့လိင်ပိုင်းဆိုင်ရာ နှင့်ကျား၊မရေးရာ အခြေပြုအကြမ်းဖက်မှုကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရှာဖွေပေးနေသူတွေကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို တင်ဆက်ပေးမယ့်အစီအစဉ်တခုဖြစ်ပါတယ်။

ကိုပေါင်ချိန် - မင်္ဂလာပါ ခင်ဗျာ။ မအိုကေဘူး အစီအစဉ်ဆိုတဲ့အတိုင်း နိုင်ငံတွင်းမှာရှိတဲ့ မအိုကေနေတဲ့

အကြောင်းအရာတွေကို တင်ဆက်ပေးမှာပါ။ ဒီတပတ်က ရော ဘာတွေမအိုကေဘူး ဖြစ်နေတာပါလဲ​

ဒေါ်ဇီးကွက်ရေ။

ဒေါ်ဇီးကွက် - ဒီတပတ်ကတော့ LGBT အသိုင်းဝိုင်းမှာ မအိုကေနေတဲ့အကြောင်းတွေကို

တင်ဆက်ပေးသွားမှာ ။