Listen

Description

တရားမျှတမှု ရှာဖွေဖို့ ဘာတွေလိုအပ်ပါသလဲ။ မြန်မာနိုင်ငံမှာရှိတဲ့ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့သူတွေအတွက် အခက်အခဲနဲ့အတားအဆီးတွေကြောင့် သူတို့ဘဝတွေဟာ ပိုပြီး ရုန်းကန်နေရပါတယ်။ ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်နေပါစေ နိုင်ငံတဝှမ်းမှာရှိတဲ့ အမျိုးသား၊အမျိုးသမီးတွေကတော့ တရားမျှတမှုအတွက် ရပ်တည်ပြီး မOK ဘူး။ (It’s not OK) ဆိုပြီး ထုတ်ဖော်ပြောဆိုနေကြပါတယ်။ မ OK ဘူး။(It’s Not OK) ဆိုတဲ့ တေးသံလွှင့်အစီအစဉ်(Podcast) က မြန်မာနိုင်ငံမှာရှိတဲ့လိင်ပိုင်းဆိုင်ရာ နှင့်ကျား၊မရေးရာ အခြေပြုအကြမ်းဖက်မှုကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရှာဖွေပေးနေသူတွေကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို တင်ဆက်ပေးမယ့်အစီအစဉ်တခုဖြစ်ပါတယ်။
ကိုပေါင်ချိန်- မင်္ဂလာပါဗျာ - မအိုကေဘူးဆိုတဲ့အစီအစဉ်အတိုင်း နိုင်ငံအတွင်းမအိုကေနေတဲ့အကြောင်းအရာ တွေကိုတင်ဆက်သွားမှာပါ။ ဒီတပတ်မှာရော

ဘာတွေ မ အိုကေနေလဲ ဒေါ်ဇီးကွက်ရေ...

ဒေါ်ဇီးကွက် - ဒီတပတ်ကတော့ အွန်လိုင်းပေါ်ကလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအကြောင်းပြောပြမှာ .. အာဏာသိမ်းပြီးတဲ့နောက်ပိုင်း


Names in this episode have been changed for privacy. Episodes ထဲတွင် ပါဝင်သူအချို့၏ နာမည်များအား လုံခြုံရေးအရ အမည်ပြောင်းလဲထားပါသည်။