ဒီအပတ် Love Has No Boundaries အပိုင်း (၇) မှာတော့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှာ တတိယနှစ် မြန်မာစာအထူးပြုနဲ့ ပညာသင်ကြားနေတဲ့ လားဟူ တိုင်းရင်းသူ အမြင်အာရုံမသန်စွမ်း ကျောင်းသူလေး မအေးခင်လှက အချစ်ကို ဘယ်လိုရှာဖွေ တွေ့ရှိခဲ့သလဲဆိုတာကနေ သူစွဲလန်းနှစ်သက်ခဲ့ရတဲ့ အဆိုတော်၊ မင်းသားတွေအကြောင်းနဲ့ ဘယ်လိုမျိုး စိတ်ကူးထဲက ဖူးစာရှင်ကို ရွေးချယ်လက်တွဲချင်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဈေးဗန်းခင်းသွားမှာဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်ပါပြီနော်။ 👏
🦽👩🦽ဒီကဏ္ဍမှာ ပါဝင်ဖို့ စိတ်ပါဝင်စားတဲ့ မသန်စွမ်းလူငယ် 👩🦯👨🦼တစ်ဦးချင်းဖြစ်စေ၊ 💑 စုံတွဲအလိုက်ဖြစ်စေ လွတ်လပ်ပွင့်လင်းစွာ ပါဝင်ဆွေးနွေးနိုင်ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖြစ်တည်မှုကို လေးစားတဲ့အနေနဲ့ မိမိတို့နှစ်သက်ရာ အမည်လွှဲနဲ့အတူ မူရင်းအသံကို အသုံးမပြုဘဲ ပြန်လည်ပြုပြင် တင်ဆက်ပေးမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းသလို ထူးခြားတဲ့ တင်ဆက်မှုဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ကျွန်ုပ်တို့ကို ဆက်သွယ်ပြီး ပါဝင်ဖြေဆိုပေးမယ့် အလှည့်ကျမေးခွန်းများကို သဘောတူခွင့်ပြုချက်ဖောင်နဲ့အတူ တောင်းခံနိုင်ပြီး ၄၈ နာရီအတွင်း လိုအပ်တဲ့ အချက်အလက်များနဲ့ မူရင်းအသံဖိုင်ကို ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ မိတ်ဆွေတို့အနေနဲ့ နားထောင်သူအဖြစ်ကနေ တင်ဆက်သူအဖြစ်ပါ ပူးပေါင်းပါဝင်နိုင်တာမို့လို့ ရင်ဖွင့်ချင်တဲ့ အကြောင်းအရာတွေအတွက် ကျွနု်ပ်တို့က နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဖန်တီးပေးနေပါတယ်။
💞"ချစ်ကြပါ။ ဒါပေမယ့် ခြွင်းချက်မရှိတဲ့ ချစ်ခြင်းဖြစ်ပါစေ။"💗
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast📲
👉 https://anchor.fm/mcanetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉 https://www.clubhouse.com/club/myanmar-cinemability-network
👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉 https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ
👉 https://t.me/mcanetwork
👉 https://twitter.com/MCinemAbilityN
👉 https://www.instagram.com/myanmarcinemabilitynetwork/
👉 https://www.linkedin.com/company/mcanetwork/
👉 https://www.clubhouse.com/club/ရယရယမမ-ပပပပ
📧 Gmail: myanmarcinemability@gmail.com
☎️ 09261256493, 09420819597, 09941559897
#LovehasNoBoundaries
#LoveAndIntimateRelationship
#HappyPwDsLovers
#RightsforPwDs
#BarriersInLoveAffairs
#Inclusivepodcasting