ကချင်ပြည်နယ်ထဲမှာ တပ်မတော်က KIA ကိုထိုးစစ်ဆင်နေတဲ့အတွက် စစ်ပွဲတွေဆက်ပြီးဖြစ်နေလိမ့်ဦးမယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်လိုနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်ချခိုင်းတာ၊ စစ်နဲ့အမြစ်ဖြတ်ချေမှုန်းတာတွေ ရှိနေမယ်ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။
ဗိုလ်မှူးကြီး နော်ဘူးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
Photo: AFP