အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ အပြီးသတ်ဆွေးနွေးတဲ့အခါ ပြေလည်မှုမရရှိမှာကို ငြိမ်းချမ်းရေးကော်မရှင်က စိုးရိမ်မှုတွေရှိနေတယ်လို့ UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော် ကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ UNFC ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေးအတွက် ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ဦးထွန်းဇော် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။