Listen

Description

ACCURACY CHECK - 5

ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့

- KNU က PDF တွေကို မောင်းထုတ်တယ်ဆိုတဲ့ သတင်းမှားတပုဒ်အကြောင်း

- စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက နတ်ချောင်းရွာကို PDF တွေ မီးရှို့တယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေထားတဲ့အကြောင်းနဲ့ 
 
ထန်တလန် ဓါတ်ပုံတွေကို လေးကေ့ကော် ဓါတ်ပုံဆိုပြီး ဓါတ်ပုံသတင်းမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေကို ကြားကြရမှာပါ။

Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။