ACCURACY CHECK ( EP - 15 )
မတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကောင်စီက သတင်းအမှားတွေ ဖြန့်ဝေတဲ့နေရာမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနေပါတယ်။ အဲ့ဒီရည်ရွယ်ချက် တွေထဲက တစ်ခုကတော့ စစ်တပ်ကြီးမပြိုကွဲအောင်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း အဓိကျပါတယ်။ အခု သတင်း အမှားတွေကို ဆက်ပြီး ဖြန့်နေတဲ့အတွက် ဒီရည်ရွယ်က အောင်မြင်ပါသလား၊ စစ်ကောင်စီက လတိုင်း လုပ်နေ တဲ့ သတင်းစာရှင်းလင်းပွဲတွေကနေလည်း မြေပြင်မှာ ဖြစ်နေတဲ့ အချက်အလက်တွေနဲ့ လွှဲမှားနေတာတွေကို ပြောဆိုနေတာတွေရှိပါတယ် ဒီကိစ္စအပေါ်အမြင်။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေအနေနဲ့ ဘယ်လိုသတိ ထားသင့်လဲ စတဲ့အကြောင်းအရာတွေကို ဒီနေ့ရဲ့ Accuracy Check အစီအစဉ်ကနေ မဇ္ဈိမသတင်းဌာနက စီမံခန့် ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ ဆက်သွယ်မေးမြန်းချက် ဒုတိယပိုင်းကို တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။