Listen

Description

ACCURACY CHECK ( EP - 18 )

ဧပြီလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........

- ကလေးတောင်ပိုင်းမှာ PDF တွေက ရွာတွေကို ဒုက္ခပေးနေတယ် ဆိုတဲ့ သတင်းမှားဖြန့်ဝေထားပါတယ်။

- အာရှလမ်းပေါ်မှာ ခရီးသည်တစ်ဦးကို KNU က ပစ်သတ်လိုက်တယ်ဆိုပြီး မခိုင်မာတဲ့ သတင်းဖြန့်ဝေတဲ့အကြောင်းနဲ့ ချမ်းမြေ့မောင်ချိုနဲ့ အိန္ဒြာကျော်ဇင် “တပ်မတော်နေ့” အခန်းအနားတက်တယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေနေတဲ့ အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။ 

Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။