Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 106 )

ဧပြီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ -----  ပဇီကြီးက လူအစုလိုက်အပြုံလိုက်သေဆုံးမှု ရက်လည်နေ့ဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မီးပိတ် သပိတ် ဆင်နွှဲကြဖို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

ပဇီကြီးရွာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာတွေထဲ လူမဆန်ဘဲ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာက သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIO က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ဟန့်တားနိုင်ရေး နိုင်ငံတကတကာ အကူအညီတွေရဖို့ NUG, NUCC အဖွဲ့တွေ အပြင် တော်လှန်ရေးမဟာမိတ် အားလုံး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ ဥက္ကဋ္ဌက ပြောဆိုလိုက်တဲ့ သတင်းပေးပို့ချက်တွေနဲ့ အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နား ဆင်ရဖို့ရှိနေပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။