အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( ၁၁ )
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- ပင်လုံသဘောတူညီချက်ကို NUG က အကောင်အထည်ဖော်သွားရမည်ဟု ကချင်ခေါင်းဆောင် ဗိုလ်ချုပ် ဂမ် ရှောင်က ပြောလိုက်ပါတယ်။
- တရုတ်နိုင်ငံဘက်ခြမ်းက နယ်စပ်ကုန်သွယ်ရေးတွေဆက် ပိတ်ထားတဲ့အတွက် ဖရဲသီးကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
- မြန်မာနိုင်ငံက သိန်းနဲ့ချီတဲ့ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည် အရေအတွက်ဟာ ၈ သိန်းကျော်သွားပြီဖြစ်တဲ့ အတွက် UNHCR က ထောက်ပံ့ရေး အစီအစဉ်တွေကို တိုးမြှင့် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်လိုက်တဲ့ သတင်း
- ရှမ်းမြောက်က စစ်ရှောင်တွေ ရှမ်းတောင်အထိထွက်ပြေးပြီး ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားက ဖေဖော်ဝါရီလ ပထမအတွင်း တိုက်ပွဲတွေထဲ အရပ်သားပြည်သူ သေဆုံး ဒဏ်ရာရရှိတာတွေရှိနေတဲ့သတင်းနဲ့အတူ တိုင်းရင်း သား ဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွား မှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။