Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 111 )

ဧပြီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ -----   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာတစ်ရွာမှာ အိမ်အလုံး ၃၀၀ နီးပါးကို စစ်တပ်က မီးရှို့ဖျက်စီးခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲမှာ စစ်ကောင်စီ သတင်းပေး၊ မှုခင်းသတင်းထောက်တစ်ယောက် ပစ်သတ်ခံလိုက်ရပါတယ်။

လွိုင်ကော်-ရန်ကုန်ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတစ်ချို့ ပစ်ခတ်ခံခဲ့ရပါတယ်။

ဧရာဝတီတိုင်းထဲမှာ ရိုဟင်ဂျာ အယောက် ၇၀ ကျော်ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ် လိုက်ပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ ၂ နှစ်တာကာလ အတွင်းစစ်ဘေးရှောင်ဦးရေ ခြောက်သိန်းဝန်းကျင်အထိရှိ လာနေတယ်ဆိုတဲ့ သတင်းပေးပို့ ချက်နဲ့အတူ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရ မှာပါ။