Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 121 )

မေလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ -----  ကံပေါက်မှာ ဧည့်စာရင်းမတိုင်ရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဘုတ်ပြင်းမြို့၊ ပြည်ကြီးမဏ္ဍိုင် - ရတနာပုံသွားလမ်းမှာ မွန်ကာကွယ်ရေးတပ်နဲ့ ကေအဲန်ယူ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

ဘိုကလေးမြို့နယ်ထဲက ရွာတစ်ရွာမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက် သေနတ်နဲ့ ပစ်ခံရပါတယ်။

ကျုံပျော်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံးခန်းမှာ ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် တချို့ ပြင်းထန်ဒဏ်ရာတွ ရခဲ့ပါတယ်။

သတင်းလွှာတွေထဲမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ရာ ဒေသက ပြည်သူတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရင်ကထက် ပိုပြီး ခံစားလာ နေရတယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့ KHRG က ပြောဆိုလိုက်တဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။