သတင်းထုတ်လွှင့်ချက် - ( EP - 125 )
မေလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတစ်ချို့ကို လိင်ပိုင်းဆိုင်ရာ ထိပါးစစ်ဆေးမှုတွေ ရှိနေပါတယ်။
ပုလောမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ကို PDF တွေက တိုက်ခိုက်ခဲ့ပါတယ်။
မြိတ် - ထားဝယ်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်က စစ်ကောင်စီ ဂိတ်တစ်ခု တိုက်ခိုက်ခံခဲ့ရပါတယ်။
စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထားဝယ်မြို့က အမျိုးသားတစ်ယောက် စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပါတယ်။
သတင်းလွှာတွေထဲမှာတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့ မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကနေ နေရပ်ပြန် သွားကြတဲ့ ဒဘတ်ယန်ကျေးရွာက ဒေသခံတွေက လက်ရှိ ရွာထဲကျောင်းဆောင်မရှိသေးတဲ့အတွက် အခုလာမယ့် ပညာသင်နှစ်မှာ ကလေးတွေ ကျောင်းမတက်ရမှာကို စိုးရိမ်နေကြတဲ့အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။