Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 130 )

မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ကံပေါက်ဒေသက အမျိုးသမီးတစ်ယောက်ကို PDF ထောက်ပံ့မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

ရှမ်းမြောက်ပိုင်းရှိ မုံးကိုးနဲ့ ကွတ်ခိုင် ကေဘီစီ စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်တွေဟာ ငွေကြေး အခက်အခဲကြောင့် နေရာသစ်ကို ပြောင်းရွှေ့နေထိုင်ရေး အခက်ဖြစ်နေပါတယ်။

ဘိုကလေးမြို့မှာ စစ်ကောင်စီက CDM ဆရာမတစ်ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လမ်းခရီးမှာ ခြုံခိုတိုက်ခံရပါတယ်။

သတင်းလွာတွေထဲမှာတော့ ဇွန်လ ၄ ရက်နေ့ နောက်ပိုင်း အခွန်မဆောင်တဲ့ လုပ်ငန်းရှင်တွေကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG က အရေးယူတော့မယ်ဆိုတဲ့ အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။