သတင်းထုတ်လွှင့်ချက် - ( EP - 133 )
ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းက တအာင်းစာရေးထိုးထားတဲ့ ရွာအဝင်
ဆိုင်းဘုတ်တွေကို စစ်ကောင်စီ ဖြုတ်ချ ဖျက်ဆီးနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီး နေအိမ်ကို စစ်ကောင်စီ က ချိပ်ပိတ်ထားလိုက်ပါတယ်။
စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူး တစ်ယောက် နှစ်ပတ်အတွင်း သေနတ်နဲ့ နှစ်ကြိမ် ပစ်ခံရပြီး ဆေးရုံတက်နေရပါတယ်။
တနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့ ရှေ့တန်းစခန်းတစ်ခုက စစ်ကောင်စီ စစ်ကြောင်းကို PDF တွေက ခြုံခိုတိုက်လို့ ၅ ယောက်သေဆုံးခဲ့ပါတယ်။
သတင်းလွှာတွေထဲမှာ တော့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့အတွင်းရှိ ဒေသခံတွေ အားကိုး အားထားရတဲ့ ခန့်မှန်း ဧက (၄၀၀)ထက်မနည်းတဲ့ မြေနေရာတွေမှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံ တူးဖော်နေတာကြောင့် ဒေသခံတွေနဲ့ တောနေ တိရိစ္ဆာန်တွေအတွက် စားကျက်မြေနေရာ တွေလည်း အခက် တွေ့လာနေတယ်ဆိုတဲ့အကြောင်း သတင်းပေးပို့ချက် ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။