Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 136 )

ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- မိုးရွာသွန်းမှုတွေနဲ့ တောင်ပြိုကျမှုတွေကြောင့် ကချင်ပြည်နယ် ပူတာအို - မချမ်းဘော့ -နောင်မွန်း ကားလမ်းပိုင်း တစ်ချို့ပျက်စီးသွားတဲ့အတွက် ကားလမ်းတွေပိတ်နေပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီတပ်က ဇွန်လပထမပတ်ကနေ အခု တတိယပတ်ထိ တစ်ရွာဝင်တစ်ရွာထွက် လိုက်လံမီးရှို့နေပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာ စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ဝင် ၂ ယောက်ကို ပစ်ခတ်လိုက်တဲ့အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်က ပြည်သူ့စစ်အဖွဲ့ဝင် ၁ ယောက်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်း လင်းခဲ့ပါတယ်။

သတင်းလွှာထဲမှာတော့ ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနိုးကူး ကရင်နီစစ်ဘေးရှောင်စခန်းမှာ ကျောင်းအဆောက် အဦး လုံလောက်မှု မရှိတဲ့အပြင် တခြား ကျောင်းအသုံး အဆောင်ပစ္စည်းတွေလည်း လိုအပ်နေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။