သတင်းထုတ်လွှင့်ချက် - ( EP - 137 )
ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ ----- ကန့်ဘလူခရိုင်တွင် ဆေးကုသမှု လက်လှမ်းမမီတဲ့ နေရာတွေ မှာ မြွေဆိုးကိုက်ခံရသူ များလာနေပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲတွင် ထားဝယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၁ က ၂ ဦး ကျဆုံးခဲ့ပါတယ်။
ဖားကန့်က KIO/KIA ရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အတွက် လူသေဆုံးမှုရှိခဲ့ပါတယ်။
ထားဝယ်ခရိုင်မှာတော့ ရင်ခွင်သစ် (ECCD) မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
သတင်းလွှာထဲမှာတော့ ကယား(ကရင်နီ)ပြည်၊ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် ကျောင်းထိုင် ဆရာတော်တစ်ပါးနဲ့ အရပ်သားတစ်ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။