Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 138 )

ဇွန်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- တနင်္သာရီမြို့နယ်၊ သမီးလှကျေးရွာ အနီးက ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆေးဗိုလ်တစ်ယောက် အပါအဝင် ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဟောင်းတစ်ယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ပါတယ်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ အမျိုးသမီး ၄ ယောက်ကို မောရဝတီရေတပ်က ပန်းသပိတ် ဆင်နွဲတယ်ဆိုပြီး လာရောက် ဖမ်းဆီးသွားပါတယ်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ကားလမ်းမကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ 

သတင်းလွှာထဲမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်နေတာကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိနေဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။ အခုတော့ သတင်းတွေကို ကျနော်နဲ့အတူ အားမီက တင်ဆက်သွားမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။