Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 139 )

ဇွန်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ကလိန်အောင် ထွေအုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းဒေသက လီဒိုလမ်းမပေါ်မှာ KIA က ခရီးသည်တွေကို စစ်သားစုဆောင်း နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ် လမိုင်းမြို့မှာတော့ မှတ်ပုံတင် အရာရှိ အမျိုးသမီးတစ်ယောက် ပစ်သတ်ခံလိုက်ရပါတယ်။

သတင်းလွှာထဲမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာအုပ်စု ဆိုင်ကောင်းရွာမှာ မြေမြုပ်မိုင်း ပေါက်ကွဲပြီး အမျိုးသားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရရှိသွားတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။