သတင်းထုတ်လွှင့်ချက် - ( EP - 140 )
ဇွန်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
ကရင်နီစစ်ရှောင်တစ်ဦးရဲ့ စစ်ဘေးရှောင်လာရာ လမ်းခရီးတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေ
စစ်အာဏာ သိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲက နေရာ အားလုံးနီးပါးမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်တိုက်ဖြစ်ပွားလာတဲ့အတွက် ပြည်သူတွေဟာ စစ်ဘေးလွတ်ရာ တောတောင်ထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ဘေးလွတ်ရာ တောတောင်ထဲမှာ နေနေရပေမယ့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ကိုလည်း မကြာခဏ ကြုံတွေ့နေရပါတယ်။
တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်က ဒေါနိုးကူး စစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒီမာဆိုမြို့နယ် ဒေါလျားခူကျေးရွာက ဒေါ်လှလှဝင်းက စစ်ဘေးရှောင်လာရာ လမ်းခရီးတစ်လျှောက်မှာ သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြောပြားထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။