သတင်းထုတ်လွှင့်ချက် - ( EP - 142 )
ဇွန်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ -------------- PDF တွေပြန်လာဖို့ စစ်ကောင်စီက လက်ကမ်း စာစောင်တွေ လိုက်လံဖြန့်ဝေနေပါတယ်။
ဟင်္သာတက CDM ကျောင်းဆရာမတစ်ယောက်နဲ့ အမျိုးသား ၅ ယောက်ဟာ အကြမ်းဖက် ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်ခံ ထားရပါတယ်။
ရေးမြို့နယ်မှာတော့ ကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အတွက် ဒေသခံ တစ်ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လောင်းလုံးမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းတစ်ခုကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပြေးစရာမြေ ၊ နေစရာ နေရာမရှိ တော့တဲ့အတွက် နိုင်ငံတကာနဲ့ ကုလသမဂ္ဂက စစ်ဘေးရှောင်တွေကို လုံခြုံစိတ်ချတဲ့ နေရာတစ်ခုမှာ ခိုလှုံနေထိုင်ခွင့်ရရှိအောင် ကူညီလုပ်ဆောင်ပေးဖို့ ကရင်နီ စစ်ဘေးရှောင်တွေက တောင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။