Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 143 )

ဒေါနိုးကူး စာသင်ကျောင်းမှာ ဘာတွေ လိုအပ်နေသလဲ။

ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။

ဒေါနိုးကူး ကရင်နီ စစ်ဘေးရှောင်စခန်းက အထက်တန်းကျောင်းကို  ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ဖွင့်လိုက်ပြီလို့ ကျောင်းတာဝန်ခံက ပြောပါတယ်။

ကျောင်းကို အခက်အခဲ အမျိုးမျိုး ကြားက ဖွင့်လိုက်ပေမယ့်လည်း ကျောင်းအသုံး အဆောင်ပစ္စည်းတွေအပြင် အဖက်ဖက်က လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကျောင်းကို ဘယ်လိုအခက်အခဲကြားက ဖွင့်လှစ်ခဲ့တာလဲ၊ ကျောင်းအတွက် ဘာတွေ လိုအပ်နေသလဲ၊ ကျောင်းသား ဦးရေကရော ဘယ်လောက်ရှိနေပါသလဲ စတာတွေကို ဒေါနိုးကူး အထက်တန်းကျောင်း ကျောင်းတာဝန်ခံ ခူးပလဲရယ် က ပြောပြထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။