သတင်းထုတ်လွှင့်ချက် - ( EP - 145 )
ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ …. တနိုင်းမြို့မှာ ဓာတ်ဆီရောင်းသူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေပါတယ်။
ကရင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ကော်မတီအဖွဲ့ဝင် စသိန်းဇော်မင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
ဆန်သိုလှောင်မှု မှတ်ပံတင် စနစ်ကြောင့် ဆန်ကုန်သည်တွေ အခက်ကြုံနေရပါတယ်။
ကျောင်းသားတွေဆီက ပိုက်ဆံကောက်တဲ့ အုပ်ချုပ်ရေးမှူးကို ကျောင်းသားမိဘတွေက တိုင်ကြားလိုက်ပါတယ်။
ဒါ့အပြင် ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်း လေယာဉ်နဲဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေ ဆက်သွယ်မေးမြန်းချက်ကိုလည်း ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။