Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 146 )

ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. ရှမ်းပြည်နယ် မြောက်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရတာတွေ ရှိနေပါတယ်။

ကချင်ပြည်နယ်မှာတော့ ဝါရာဇွပ် ပြည်သူ့စစ်က တနိုင်း-လီဒိုလမ်းမပေါ်မှာရှိတဲ့ ရှဒူးဇွပ်ကျေးရွာက ဒေသခံ ၅ ယောက်ကို ဖမ်းဆီးသွားပါတယ်။

ပုလောမှာတော့ ဒေသခံတစ်ယောက် မိုင်းနင်းမိပြီး ကိုယ်ခန္ဓာအောက်ပိုင်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ ပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ထိုင်း-ကရင်နီ နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် လူထိခိုက်သေဆုံးမှု ရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။