Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 147 )

ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. …….KNU အုပ်ချုပ်နယ်မြေမှာ ၆ လတာ ကာလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၃၂ သေဆုံးပြီး ၁၆၈၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာ ခိုးဆိုးလုယက်မှု၊ ဓာပြတိုက်မှု၊ လူသတ်မှုတွေ မကြာခဏ ဖြစ်နေတဲ့အ တွက် လုံခြုံမှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့မစျေးက ရွှေဆိုင်တစ်ဆိုင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် ဆိုင်ဝန်ထမ်း ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာတော့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၈ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

သတင်းပေးပို့ချက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းဖက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေး ရှောင် ၅၀၀၀ ကျော်အတွက် နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်က အကူအညီတွေ လိုအပ်နေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။