သတင်းထုတ်လွှင့်ချက် - ( EP - 149 )
ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. စစ်ရေးတင်မာနေတဲ့အတွက် လွိုင်ကော်-မိုးဗြဲ ၊ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးကို အခုရက်ပိုင်းအတွင်း အသုံးမပြုကြဖို့ KNDF က ပြည်သူတွေကို မေတ္တာရပ်ခံ တောင်း ဆိုထားပါတယ်။
နမ့်ဖက်ကာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့တဲ့အတွက် ကလေး ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကွတ်ခိုင်မြို့နယ်မှာတော့ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ပုသိမ်မှာတော့ လက်ယက္ကန်းစင် လုပ်ငန်းဟာ ကွယ်ပျောက်တော့ အနေအထားမှာ ရှိနေပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ နိုင်ငံတကာအနေနဲ့ စစ်ဘေးရှောင်တွေကို အကာအကွယ်ပေးနိုင်မယ့် လေကြောင်းရန် ကာကွယ်နိုင်တဲ့ လုပ်ဆောင်မှုတစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော် လုပ် ဆောင်ပေးဖို့ ကရင်နီ အမျိုး သား တိုးတက်ရေးပါတီ KNPP က ထပ်မံ တိုက်တွန်းတောင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။