Listen

Description

အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 15)

မတ်လ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

- စစ်ကိုင်းတိုင်း ယင်းမာမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ သောင်းချီ ဒီရက်ပိုင်းမှာ စစ်ဘေးရှောင်နေကြရပါတယ်။

- ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက် KNDF တွေ ယာယီထိုင်တဲ့စခန်း ဆုတ်ပေးလိုက်ရပါတယ်။

- ဒုက္ခသည်တွေကို ကူညီဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းမယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါက ပြော ပါတယ်။

- Bago Weekly ဂျာနယ်က သတင်းထောက် ကိုငြိမ်း ချမ်းဝေကို သာယာဝတီ ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၁ နှစ်နဲ့ သုံးလချမှတ်လိုက်တဲ့သတင်း၊ 

- ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNU က ဝင်တိုက်ရာမှာ စစ်သားအရှင် ၂၇ ယောက်နဲ့အတူ လက်နက်တွေသိမ်းဆည်းနိုင်ခဲ့တဲ့ သတင်း အကြောင်းအရာတွေနဲ့အတူ တိုင်းရင်းသား ဒေသတွေက တခြားစိတ် ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွား မှာပါရှင်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။