သတင်းထုတ်လွှင့်ချက် - ( EP - 151 )
ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……… ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး မြို့နယ်မှာ ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
လွိုင်ကော်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လူသေဆုံးမှုနဲ့ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာတော့ ဒေသခံအမျိုးသား တစ်ယောက် ဖမ်းဆီးခံရပြီး တစ်ရက်အကြာမှာပဲ သေဆုံးသွားပါတယ်။
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်က ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ကိုဉာဏ်ဝင်းထက်ကို ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် (၅) နှစ်ချမှတ် လိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ဘေးရှောင်တွေနဲ့ တောလှန်ရေးအင်အားစုတွေကို ဆေးကုသပေးနေတဲ့ ကရင်နီပြည် အခြေစိုက် ဝိဇ္ဇာဆေး အဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရေး ပေါ် ပြောင်းရွှေ့ဖို့ အကူအညီတွေ လိုအပ်နေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းပေးပိုချက်ထဲမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အပါအဝင်၊ အိမ်နီးချင်းနိုင်ငံတွေကို လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဘယ်လိုချဉ်းကပ် လုပ်ဆောင်သင့်သလဲ။ စတဲ့ သုံးသပ်ချက်တွေကို သတင်းပေးပို့ချက်ထဲမှာ ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။